သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၆.၆.၂၀၂၅ ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီလက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ စားအုန်းဆီရောင်းချ နေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့် ဦးစည်သူ (ဒုတိယဦးစီးမှူး)တို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီသတ်မှတ်ဈေးနှုန်း၊ အလေးချိန်/အရည် အသွေး ပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိနှင့် ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၆၈၁၈) ကျပ်နှုန်းဖြင့် (၃၃၀) ပိဿာရောင်းချ ကြောင်း သိရှိရပါသည်။

DOCA (မွန်)