မုဒုံံမြို့နယ်၊ မြို့မ (၁) ရပ်ကွက်တွင် စားအုန်းဆီရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၂၄.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ မြို့မ (၁) ရပ်ကွက် စုပေါင်းရုံးလမ်းတွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီ သတ်မှတ်ဈေးနှုန်း မှန်ကန်မှု ရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)