တနင်္သာရီတိုင်းဒေသကြီးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်းပို့ချခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Online Virtual စနစ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်းကျင်းပပြုလုပ်ခဲ့ရာ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးများမှဝန်ထမ်းများ တက်ရောက်ခဲ့ ပါသည်။

   အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်း ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ ရုံးချုပ် ညွှန်ကြားချက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခြင်း၊ မြိတ်ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းပို့ချခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)