
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်များဈေးကွက်သို့မရောက်မီ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ ( ၁၉.၆၂၀၂၅ ) ရက်နေ့၊ နံနက် ( ၀၉:၀၀ ) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၁၉)ရပ်ကွက်ရှိ ကံပွင့် လ္ဘက်နှင့်ပဲကြော်လုပ်ငန်းခွင်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကံပွင့်လ္ဘက်လုပ်ငန်းသည် လ္ဘက်အညွှန့်နှပ်၊ လ္ဘက်အစပ်နှပ်၊ လ္ဘက်ချဉ်စပ်နှပ်နှင့် (၁၂)မျိုး ပဲကြော် စသည်ဖြင့် (၄)မျိုးထုတ်လုပ်ရောင်းချကြောင်း၊ လ္ဘက်ကို (၃၀)ကျပ်သား၊ (၂၀)ကျပ်သား ထုပ်နှင့် (၂၀၀)ကျပ်တန် အထုပ်များဖြင့် ထုတ်လုပ်ရောင်းချပြီး၊ (၁၂)မျိုးပဲကြော်အား (၄၀)ကျပ်သား၊ (၂၀)ကျပ်သားနှင့် ၁၂ကျပ်ခွဲသားအထုပ်များ ထုတ်လုပ်ရောင်းချကြောင်း၊ ကုန်ကြမ်းပဲများကို ဒေသတွင်းနှင့် မန္တလေးမြို့များမှ ဝယ်ယူရပါကြောင်း၊ ဖြန့်ဖြူးရောင်းချမှုအနေဖြင့် ရန်ကုန်၊မန္တလေး၊ တောင်ကြီး၊ နေပြည်တော်နှင့် ဒေသတွင်းရောင်းချပါကြောင်း သိရှိရသည်။ ခရိုင်ဦးစီးမှူးမှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီ ညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ စက်မှုလုပ်ငန်းသုံးဆီများကိုလည်း လုပ်ငန်းခွင်များ တွင်အမှန်တကယ်အသုံးပြုမှုရှိစေရေး၊ ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)