
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူ မြို့နယ် တာဝန်ခံသည် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ (၂၀.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ အခြေခံပညာမူလတန်းကျောင်း(ရေလယ်ကျွန်း)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ ဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြချက်များမှာ အရေးပါကြောင်းနှင့် စားသုံးသူများတွင် ရရှိနိုင် မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များ၊ ပြည်နယ်/တိုင်းများနှင့် ခရိုင်ရုံးများတွင် စားသုံးသူနစ်နာမှုများအတွက် "စားသုံးသူသတင်း ပြန်ကြား ရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ" (CICC) ဖွင့်လှစ်ထားကြောင်း၊ DOCA Myanmar မိုဘိုင်း Application Facebook စာမျက်နှာနှင့် Consumer Call Center ဖွင့်လှစ်ထားကြောင်း (1535)ခေါ်ယူ၍ တိုင်ကြားနိုင်ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)