မြင်းခြံမြို့ရှိ အဆိုတော်ဇီးယိုလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်များဈေးကွက်သို့မရောက်မီ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်ရှိရာ ( ၁၉.၆၂၀၂၅ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အဆိုတော် ဇီးယိုလုပ်ငန်းခွင်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုတော် ဇီးယိုလုပ်ငန်းသည် တစ်နေ့လျှင် ဇီးသီးအချိန် (၃၀)ပိဿာပါ (၅)အိတ်၊ သကြား (၃၀)ပါ (၂)အိတ်၊ ငရုတ်သးီမှုန့်နှင့် မဆလာများ သုံးစွဲရကြောင်း၊ ဇီးသီးကို မုံရွာမြို့မှ ဝယ်ယူရပြီး ကားခအပါ  အစေ့လွတ် တစ်ပိဿာလျှင်( ၂၈၅၀) ကျပ်၊ အစေ့ပါ တစ်ပိဿာလျှင် (၁၈၅၀) ကျပ်ကျ သင့်ပါကြောင်း၊ လုပ်သားအနေဖြင့် ဇီးယိုထိုး(ကျား) နှစ်ဦးသုံးစွဲရပြီး တစ်ဦးလျှင် (၁၅၀၀၀) ကျပ် ဖြင့်လည်းကောင်း၊ လုပ်သားမတစ်ဦးလျှင် (၁၂၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ထုတ်လုပ်မှုအနေဖြင့် (၁၀၀၀)ကျပ်တန်၊ (၃၀၀၀)ကျပ်တန်နှင့် (၅၀)ကျပ်သားများ ထုတ်လုပ်ရောင်းချပါကြောင်း၊ ဖြန့်ဖြူးမှု အနေဖြင့် လားရှိုး၊ ပြင်ဦးလွင်၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်းမြို့များနှင့် ဒေသတွင်းရောင်းချပါကြောင်း   သိရှိရပါသည်။ ခရိုင်ဦးစီးမှူးမှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွှတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ စက်မှုလုပ်ငန်းသုံးဆီများကိုလည်း လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုမှုရှိစေရေး၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)