သရက်မြို့၌   Signal အမှတ်တံဆိပ်သွားတိုက်ဆေးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး နှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂၁.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များတွင် Signal အမှတ်တံဆိပ်ဖြင့် ကုန်ပစ္စည်းအတုများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    Signal အမှတ်တံဆိပ်သည် Unilever EAC Myanmar Co.,Ltd မှ တင်သွင်းဖြန့်ဖြူး ရောင်းချပြီး အရည်အသွေးမြင့်သည့်သွားတိုက်ဆေးတစ်မျိုးဖြစ်သည့်အတွက် သရက်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအနေဖြင့်လည်း တရားဝင်ကုမ္ပဏီ၏ အရောင်းကိုယ်စားလှယ်များထံမှ မှာယူရောင်းချသည့်အတွက်  Signal အမှတ်တံဆိပ်ဖြင့် ကုန်ပစ္စည်းအတုများမတွေ့ရှိရကြောင်း၊ ဆိုင်ပိုင်ရှင်များအား တရားမဝင်ကုန်စည်များရောင်းချမှုမရှိစေရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များသာရောင်းချစေရန် အသိပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)