မြို့မစည်ပင်သာယာဈေးတွင် အခြေခံစားသောက်ကုန်များရောင်းချပေး

Powered by Drupal

  မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူ့သက်သာဈေး ရောင်းနေ့အား (၁၈-၆-၂၀၂၅) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ မြို့မစည်ပင် သာယာဈေးတွင် ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှဦးဆောင် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဆန်အသင်း အဖွဲ့ ၊ ဆီအသင်းအဖွဲ့နှင့်ဈေး ကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြီ ၃၆၀၀/- ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၇၂၆၅/- ကျပ် ၊ ကြက်ဉတစ်လုံး ၄၀၀/- ကျပ် ၊ အမဲသားတစ်ပိဿာ ၂၅၀၀၀/-ကျပ် ၊ ဝက်သား တစ်ပိဿာ ၂၆၀၀၀/-ကျပ် နှင့်ဆိတ်သားတစ်ပိဿာ ၂၈၀၀၀/- ကျပ်၊ ဂေါ်ဖီတစ်ထုပ် (၈၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ (၄၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်း(၁၀၀) ကျပ်၊  ကန်စွန်း ရွက်တစ်စည်း (၁၀၀)ကျပ်၊ လိမ္မော်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ မက်မွန်သီး တစ်ထုပ် (၁၀၀၀၀)ကျပ်၊ သီးစုံတစ်ထုပ်လျှင် (၈၀၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး လွတ်လပ်စွာ လာရောက် ဝယ်ယူနိုင်သည့်အတွက် ရပ်ကွက်စုံမှလာရောက်ဝယ်ယူကြကြောင်း ဦးဆောင် ဆောင်ရွက်သူ ထံမှသိရပြီး ယင်းရောင်းချမှုအစီအစဉ်အား မြင်းခြံမြို့ရှိ မြို့မဈေး ၊ စံပြဈေးနှင့်အေးမြသီတာ ဈေးတို့တွင် အလှည့်ကျပုံမှန် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

 DOCA(မန္တလေး)