
(၂၃.၆.၂၀၂၅) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ပြည်နယ် ဦးစီးမှူးရုံး၌ “ရွှေငါး” သဘာဝမြေသြဇာထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်၏ မြေသြဇာထုတ်လုပ်မှုအခြေအနေ၊ ဖြန့်ဖြူး မှုအခြေအနေများအား ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က (အောက်တိုဘာလမှမေလထိ) တစ်နှစ်လျှင် (၈) လသာ မြေသြဇာထုတ်လုပ်ကြောင်း၊ ယခုမိုးတွင်းကာလတွင် ကုန်ကြမ်းစုဆောင်းခြင်းကို ဆောင်ရွက်ကြောင်း၊ ကုန်ကြမ်းအဖြစ် နွားချေး၊ လွှစာ၊ ငါးမှုန့်၊ ဂျစ်ဆမ် ကျောက်မှုန့်တို့ကို အသုံးပြုကြောင်း၊ တစ်လလျှင် ပျှမ်းမျှ အိတ်ရေ (၅၀၀) အိတ်ထုတ်လုပ် ကြောင်း၊ ၅၀ ကီလိုတစ်အိတ်လျှင် ၂၀၀၀၀ ကျပ်ဖြင့် သံဖြူဇရပ်နှင့် ရေးမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။
DOCA (မွန်)