
၁၉.၆.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဟောပြောပွဲတွင် မော်လမြိုင်ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဠာန်းချက်များ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ ပြောကြားခဲ့ပြီး မုဒုံမြို့နယ်တာဝန်ခံမှ အွန်လိုင်းမှတ်ပုံတင်ခြင်း ဆိုင်ရာအချက်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှု အား ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ သင်တန်းဆရာမ (၉) ဦးနှင့် သင်တန်းသူ (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA (မွန်)