ပေါင်မြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေးဆောင်ရွက်

Powered by Drupal

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သော ဒေါ်သိမ့်သိမ့်သီတာဇော် (အီလတ်ထရောနစ်ပစ္စည်း) ရောင်းချနေသော လုပ်ငန်းရှင်အား (၁၉.၆.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ အသိပညာပေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးခြင်းလုပ်ငန်းများ၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားမှုကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်းတို့အား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)