
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မိုဘိုင်းဖုန်းဆိုင်များသို့ (၂၀.၆.၂၀၂၅) ရက်နေ့ နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပေါင်မြို့နယ်ရှိ မိုဘိုင်းဖုန်းဆိုင်များတွင် တရားမဝင် ဆင်းကဒ် ရောင်းချမှု ရှိ/မရှိ၊ အော်ပရေတာများနှင့် စာချုပ်ချုပ်ဆိုထားခြင်း ရှိ/မရှိ၊ ဝယ်ယူသုံးစွဲ သူများ၏ ကိုယ်ရေးအချက်များ ပြည့်စုံမှန်ကန်စွာ ရေးသွင်းခြင်း ရှိ/မရှိ၊ ပို့ဆက် ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များအား လိုက်နာမှု ရှိ/မရှိ၊ လိုက်နာမှုမရှိပါက ဆက်သွယ်ရေးဥပဒေ ပုဒ်မ(၇၂) အရ အရေးယူခံရနိုင်ကြောင်း ဆိုင်ရှင်များအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA (မွန်)