ပေါင်မြို့နယ်ရှိ စားသောက်ဆိုင်များ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၀.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ အစားအသောက် ဝန်ဆောင်မှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တာဝန်ရှိသူများမှ ဆိုင်ရှင်များအား ဝန်ဆောင်မှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ သန့်ရှင်းလတ်ဆတ်သောအစားအသောက်များ၊ မိုးရာသီယင်နားစာများမထားမိအောင် စနစ်တကျအုပ်ပြီး ထားရှိရန်နှင့် ကျန်းမာရေးညီညွှတ် မျှတမှုရှိစေရေး‌ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)