ပေါင်မြို့နယ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

Powered by Drupal

     ၂၃.၆.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝါရီရူခန်းမ၌ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

    ထိုသို့ ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူ များကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူတို့ပူးပေါင်းကာ သက်‌သာ သောဈေးနှုန်းဖြင့် ပဲ၊ အာလူး၊ ဆီစသည့် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခြင်း လိုအပ်သည်တို့ကို ပံ့ပိုးပေးခဲ့ကြသည်။

    အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)