“ကုန်အညွှန်းအမှတ်အသားပြည့်စုံရေး A 1ငရုတ်သီးမှုန့်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ A 1ငရုတ်သီးမှုန့် လုပ်ငန်းအား ဇွန်လ (၁၉) ရက်နေ့တွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွန်း အမှတ်တံဆိပ်များ ပြည့်စုံစွာ ပါဝင်မှုရှိစေရေး (Pre Market) စျေးကွက်မ‌ရောက်မီစောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို မြစ်သားမြို့နယ်၊စည်ပင်သာယာရေးအဖွဲ့၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ တွင်  A 1 ငရုတ်သီးမှုန့် အမှတ်တံဆိပ်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်သွားရန် ကုန်ကြမ်းများစနစ်တကျသိုလှောင်သိမ်းဆည်းရန် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)အရ စီးပွားရေးလုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ပြည့်စုံစွာ ဖော်ပြထားရှိရန်နှင့်လုပ်ငန်းရှင်မှစားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရန်အလေးထားဆောင်ရွက်ရန် နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၀) အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)