For Ever Myanmar တိတ်၊ ပရုပ်လုံး၊ နားကြပ်တံထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည်၊ (၂၄.၆.၂၀၂၅) ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် အမှတ်(၂၆၃)၊ (၆)လမ်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ For Ever Myanmar မှ ထုတ်လုပ်သည့် တိတ်၊ ပရုပ်လုံး၊ နားကြပ်တံလုပ်ငန်းရှင်ထံ ကွင်းဆင်းသွား ရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့် ထုတ် လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံးမေးမြန်းခဲ့ပါသည်။

   တာဝန်ခံဖြစ်သူက For Ever Myanmar မှ ထုတ်လုပ်သော တိတ်၊ ပရုပ်လုံး၊ နားကြပ်တံစက်ရုံ ကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ဝန်ထမ်းအင်အားမှာ ကျား(၆၀)ဉီး၊ မ(၃၀)ဉီး စုစုပေါင်းလုပ်သားအင်အား(၉၀)ဉီးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပြီး ပစ္စည်းများတစ်ရက်ထုတ်လုပ်မှု ပျမ်းမျှမှာ တိတ်(၄၀၀၀)kg၊ ပရုပ်လုံး (၁၅၀၀)kgနှင့် နားကြပ်တံ (၅၀)kg တို့ဖြစ်ပြီး ပြည်တွင်းအနှံ့ အပြားသို့ ရောင်းချလျက်ရှိကြောင်း မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသော ဝန်ထမ်းများလည်း စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)