Popy စက်ရုံမှထုတ်လုပ်သော ကုန်ပစ္စည်းများအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့ သည် (၂၄.၆.၂၀၂၅)ရက်နေ့ နံနက် (၉:၅၀)နာရီအချိန်တွင် ရန်ကုန်စက်မှုဇုန်(၅)ဇုန်ကော်မတီ ဥက္ကဌ ဉီးကျော်လွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဉီးကျော်သူရ၊ အကြီးတန်းစာရေးတို့ပါဝင်လျက် မင်္ဂလာဒုံမြို့နယ်ရှိ Popy စက်ရုံသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၈၆/၉၃)၊ ဇေကမ္ဘာ (၇/၈)လမ်း၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Popy စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တာဝန်ခံမှ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများသည် အရည် အသွေးပြည့်မီမှုကို အဓိကအလေးထားပါကြောင်း၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်မရှိအောင်လဲ အမြဲဂရုစိုက်ပါကြောင်း၊ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန်ချိလျက်ရှိပြီး သက်ဆိုင်ရာဌာနများ ၏ထောက်ခံချက်များကိုလည်း ပြုလုပ်ထားပါကြောင်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင် ရွက်ထားပါကြောင်း၊ မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက် ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)