ဈေးကွက်အတွင်း Signal သွားတိုက်ဆေးအတုများရှိ/မရှိစစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ခရိုင်ဉီးစီးမှူး ဉီးလှစိုးပါ (၅) ဉီး တို့သည် (၂၃.၆.၂၀၂၅) ရက်နေ့ နေ့လည် (၁:၁၅) အချိန်တွင် အင်းစိန်မြို့နယ်ရှိ 1 Stop Mart သို့ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂၄/၂၆)၊ လမ်းသစ်လမ်း၊ အင်းစိန်မြို့နယ်ရှိ 1 Stop Mart တာဝန်ခံ ဒေါ်ယမင်းသန္တာမှ ရောင်းချနေသော Signal အမျိုးအစား (၂)မျိုးရှိပါကြောင်း၊ ဂရမ်အားဖြင့် (၁၅၀)ဂရမ်နှင့် (၇၀)ဂရမ်တို့ဖြစ်ကြပြီး ပစ္စည်းအမျိုးအစားများတွင် အခန်း(၁၈)တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ဂရမ်ကို မြန်မာလိုရေးသားထားပြီး ဈေးကွက်အတွင်း Signal Cavity Fighter Toothpaste 150 g အတုများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)