အောင်လံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံ/သရက်ခရိုင်၊ အောင်လံမြို့နယ် တာဝန်ခံသည် မြို့နယ်ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၀-၆-၂၀၂၅) ရက်နေ့၊ နံနက်(၁၁း၃၀)အချိန်တွင် အောင်လံမြို့၊ မန်ကျည်းကုန်းရပ်ကွက်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့စစ်ဆေးရာတွင် ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ အစား အသောက်များ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာ ရောင်းချစေရန်၊ သက်တမ်းလွန် အစားအသောက်များ ရောင်းချမှုမပြုရန်၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များကိုသာ ရောင်းချရန်နှင့် စားသောက်ကုန်များတွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံခြင်းရှိ/မရှိတို့အားကြည့်ရှု၍ ရောင်းချ ရန်ပြောကြားပြီး ရောင်းချနေသည့် အစားအသောက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သိရသည်။

DOCA(မကွေး)