
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးသည် သရက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၁၉-၆-၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် သရက်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး၌ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအကာအကွယ်ပေးရေး တို့အတွက် အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၀) ပုဒ်မ(၂၁)အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်အကြောင်းကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဥ်း၍ အာမခံချက်ပေးရာတွင် ပါဝင်ရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက စားသုံးသူရေးရာဦးစီးဌာန စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များ ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ Consumer Call Center Hotline (1535) သို့ခေါ်ဆို၍ စားသုံးသူများနှင့် သက်ဆိုင်သည့် မိမိသိလိုသည့်အချက်များနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
DOCA(မကွေး)