တာမွေ ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာနှင့် ပူးပေါင်း၍ ၂၄.၆.၂၀၂၅ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် တာမွေဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ 

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာ ဖြန့်ဖြူးရောင်းချရန် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ ပုဒ်မ (၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည် များကိုသာ ရွေးချယ်ဝယ်ယူရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)