ပန်းပဲတန်း၊ ရွှေတောင်ရပ်ကွက်များသို့ စားအုန်းဆီရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၀.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် ဦးစီးမှူး ဦးမင်းနောင်သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ပန်းပဲတန်း၊ ရွှေတောင်ရပ်ကွက်၊ ကျေးရွာများတွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီရောင်းချပေးနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆိုင်းဘုတ်တင် ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်းမှန်ကန်မှု ရှိ/မရှိ၊ အရေအတွက်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချခြင်း ရှိ/ မရှိတို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)