
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ရွတ်ဆိုကာ နိုင်ငံတော်အလံအား အလေးပြုခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦးပါ ဝန်ထမ်းများသည် ပြည်နယ်ရုံးရှေ့ရှိ နိုင်ငံတော်အလံတိုင်ရှေ့တွင် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက် သံပြိုင်ရွတ်ဆို၍ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြကြောင်း သိရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်အလံတိုင်ရှေ့တွင် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက် ရွတ်ဆို၍ နိုင်ငံတော်အလံအား အလေးပြုခြင်း အခမ်းအနားကို တနင်္လာနေ့နှင့် သောကြာနေ့ မနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ဝန်ထမ်းများစုံညီစွာဖြင့် အပတ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)