နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အကြောင်း သိကောင်းစရာ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ နံနက် (၁၀ : ၃၀ ) အချိန်တွင် ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌  “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)သိကောင်းစရာ” ခေါင်းစဉ်ဖြင့်  Thursday Talk အသိ ပညာ ပေးဆွေးနွေးပွဲအား ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း (၁၂)ဦး တက်ရောက်ခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန (ဦးစီးမှူး )၊ ဒေါ်နော်ကြူကြူမှ ၂၀၂၂ ခုနှစ်ထုတ် နိုင်ငံ့ကျင့်ဝတ်ကတ်ပြားမှ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့်တာဝန်( ၃ )ရပ်၊ ဝန်ထမ်းတစ်ဦးချင်းလိုက်နာ စောင့်ထိန်းရမည့် ကျင့် ဝတ်(၁၂)ပါး ၊ ဝန်ထမ်းအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၅)ပါး၊ ပြည်သူ လူထုအပေါ်လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၅)ပါး ၊ နိုင်ငံတော်အပေါ်လိုက်နာ စောင့်ထိန်းရမည့်ကျင့်ဝတ်(၈)ပါးစသည့်အချက်များကို တစ်ချက်ချင်းစီ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများက သိရှိလိုသည်များကိုအပြန်အလှန်ဆွေးနွေး မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)