
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဉီးစီးဌာနတို့ ပူးပေါင်းအဖွဲ့သည် (၂၀.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ဆန်သိုလှောင်ရုံအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁၄၇)၊ ဉီးတရုတ်ကြီးလမ်း၊ ဇုန်(၄)၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ ဆန်သိုလှောင်ရုံပိုင်ရှင် ဉီးဘုန်းဇော်နှင့်တွေ့ဆုံကာ သိုလှောင်ရုံအတွင်း ဧရာဝ တီတိုင်းမှ ရောက်ရှိလာသော ဆန်ကြမ်း၊ ဆန်ချောများထားရှိမှု အခြေအနေနှင့် MyRo တွင် ဆန်/စပါး သိုလှောင်ရုံမှတ်ပုံတင်ရှိ/မရှိ စစ်ဆေးခဲ့ပြီး သိုလှောင်ရုံအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကို တာဝန်ခံမှ လိုက်လံရှင်းလင်းပြသရာ အဖွဲ့စုံမှ လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)