
(၂၀.၆.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စိုက်ပျိုးရေးဉီးစီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ဆန်လုပ်ငန်းရှင်များအသင်း၊ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်း အဖွဲ့သည် အမှတ်(၇၃/က) မင်းသိဒ္ဓိကျော်စွာလမ်း၊ ဇုန်(၃)ရှိ ဆန်သိုလှောင်ရုံအား ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးစောတာကလူထူးမှ MyRo မှတ်ပုံ တင်ထားခြင်းရှိ/မရှိ၊ ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဆန်ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် ဆန်သိုလှောင်ရုံများအား ကြပ်မတ်စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)