
မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုး တက်စေရေး၊ စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်စေရေအတွက် ၂၀၂၅ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၌ ဆိပ်ငယ်ရပ်၊ ကမ်းနားလမ်းနေ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အသိပညာပေးဟောပြောရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းမှ စားသုံးသူရေးရာဦးစီးဌာနအကြောင်း မျော်မှန်းချက်၊ ရည်မှန်ချက်များအပြင် စားသုံး သူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားအကြောင်းပြောကြားခဲ့ပြီး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဟောပြောပွဲသို့ ရပ်ကွက် နေပြည်သူ (၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)