
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ထားဝယ်မြို့၊ အခွန်လွတ်စျေး၊ ဝဲကျွန်းရပ်၊ ကရပ်ပြင်ရပ်၊ မြို့တွင်းရပ်ရှိ ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးရာတွင် သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ၊ ဆန်အိတ်များ စနစ်တကျ သိုလှောင်ထားရှိမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)