တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်အတွင်း စံပြကျေးရွာများအား သွင်းအားစုများပေးအပ်ခြင်း၊ လက်ဆွဲမျိုးစေ့ချကိရိယာများပေးအပ်ခြင်း အခမ်းအနားတက်ရောက်ခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့၊  နံနက် (၈း၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ထားဝယ်ခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအား သွင်းအားစုများပေးအပ်ခြင်း၊ ကိုကိုး၊ ကော်ဖီပျိုးပင်များ ပေးအပ်ခြင်းနှင့် လက်ဆွဲမျိုးစေ့ချကိရိယာများ ပေးအပ်ခြင်းအခမ်းအနားအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးခြင်း၊  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများမှ စံပြကျေးရွာရှိ တောင်သူများအား သွင်းအားစုများ၊ ကိုကိုး၊ ကော်ဖီပျိုးပင်များနှင့် လက်ဆွဲမျိုးစေ့ချက်ရိယာများပေးအပ်ခဲ့ကာ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)