တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင် ဆီလက်လီလက်ကားကိုယ်စားလှယ်နှင့် လက်လီဆိုင် (၁၅)ဆိုင်၏ ဆိုင်ရှင်များနှင့်တွေ့ဆုံခြင်း

Powered by Drupal

        ၂၀၂၅ ခုနှစ်၊ ဇွန်လ၊ ၂၂ ရက်နေ့၊ နေ့လယ် (၁၆း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆီလက်ကားကိုယ်စားလှယ်နှင့် လက်လီဆိုင်(၁၅) ဆိုင်ရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။

      တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ စားအုန်းဆီများအား အလေးချိန်၊ စျေးနှုန်းများမှန်ကန်စွာ ရောင်းဝယ်ရန်၊ စျေးနှုန်းများအား ဗီနိုင်းများဖြင့် ဖော်ပြထားရှိရန်၊ ဝန်ကြီးဌာန၊ ရုံးချုပ်၏လမ်းညွှန်ချက်များအရ အဂတိတရား ကင်းရှင်းစွာဖြင့် ရောင်းချစေရေး၊ မှန်မှန်ကန်ကန်ရောင်းချစေးရေးများ ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဖောက်ဖျက်ခြင်းများမပြုကြရန် သတိပေး လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)