တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းရောင်းဝယ်ရေးအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇွန်လ၊ ၂၂ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ရောင်းဝယ်ရေးအသင်းနှင့် တွေ့ဆုံဆွေး နွေးခဲ့ပါသည်။

     အဆိုပါတွေ့ဆုံဆွေး‌နွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းအဖွဲ့စည်းမျဥ်းစည်းကမ်းများ၊ အသင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ငန်းရေးလုပ်ငန်းသုံးပစ္စည်းများ၏ စျေးနှုန်း/စျေးကွက် အခြေအနေများ၊ ဒေသတွင်း ဘိလပ်မြေစျေးနှုန်းများ တည်ငြိမ်စေရေးအတွက် စျေးနှုန်းများ မြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဘိလပ်မြေစျေးနှုန်း/စျေးကွက် အခြေအနေများ၊ ဝိသမလောဘဖြင့် သိုလှောင် မှုများမရှိစေရေး၊ ဘိလပ်မြေ ရရှိ/လက်ကျန်အခြေအနေများနှင့် စပ်လျဥ်း၍ ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)