
၂၀၂၅ ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်တွင် ထားဝယ်မြို့၊ သူနာပြုသင်တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည့် အပတ်စဥ်(၃၂)ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ အမှာစကားပြောကြားခြင်း၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ(Coating and Capping)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက အပတ်စဉ်(၃၂)သင်တန်းသား/သူများအား ဂျူတီကုတ် အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းခဲ့ပြီး ထူးချွန်ကျောင်းသားများအား ဆုများပေးအပ်ခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးများမှ သင်တန်းသား/သူများနှင့် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)