သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ ဆန်သိုလှောင်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

Powered by Drupal

  ၂၀.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် မော်လမြိုင်မြို့၊ ရတနာထွန်းပွဲရုံရှိ “ရွှေကသစ်” ဆန်ဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

  ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန် အလို့ငှာ ဆန်တန်ချိန် ၂၅ တန်နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက လစဉ် ကုန်ရ၊ ကုန်ထုတ်စာရင်းများကို ထည့်သွင်းရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)