သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်

Powered by Drupal

  ၂၃.၆.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန် ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

   ထိုသို့ဆောင်ရွက်ရာတွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့်အဖွဲ့ဝင် များ ဌာနဆိုင်ရာတာဝန်ရှိသူများက ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော် ဦးဆောင် သည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များမှ ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများ အသင်းနှင့် တာဝန်ရှိသူများပူးပေါင်းကာ သက်‌သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်ဥစသည့် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခြင်းတို့ကို ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးပေးခဲ့ကြသည်။

  အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

DOCA (မွန်)