ကျုံပျော်မြို့မစည်ပင်ဈေးရှေ့တွင် အခြေခံ စားသောက်ကုန်များအား သက်သာချောင်ချိသော ဈေးနှုန်းများဖြင့် ရောင်းချပေးခြင်း

Powered by Drupal

       ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့်  (၁၈.၆.၂၀၂၅) ရက်နေ့၊ နံနက် (၇:၃၀) အချိန်တွင် ကျုံပျော်မြို့မစည်ပင်ဈေးရှေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သော ဆန် (၁) ပြည်လျှင် (၂၀၀၀) ကျပ်၊ ဆီ (၁) ပိဿာလျှင် (၇၀၀၀) ကျပ်၊ ကြက်ဥ (၁) လုံးလျှင် (၃၃၀) ကျပ်၊ ဘဲဥ တစ်လုံးလျှင် (၄၀၀) ကျပ်နှုန်းဖြင့် (၆) ကြိမ်မြောက်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။       

DOCA(ဧရာဝတီ)