ဒေးဒရဲမြို့ ပြန်/ဆက်ဦးစီးဌာနရုံးတွင် Online Sale လုပ်ငန်းများနှင့် ပက်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၈) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ပြုလုပ်သော ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းတွင် သင်တန်းသား (၁၅) ဦးအား Online Sale လုပ်ငန်းများနှင့် ပက်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က Online စနစ်ဖြင့် ရောင်းချခြင်း၊ Online Sale လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်သော လုပ်ငန်းမှတ်ပုံတင် ခြင်း၊ သက်တမ်းတိုးခြင်း၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းသားများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ် တာဝန်ခံက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)