
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် Top One သုံးထောင့်မုန့် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစိစစ်ရာတွင် Top One မုန့်လုပ်ငန်းမှ သုံးထောင့်မုန့်များ ထုတ်လုပ်လျက်ရှိပြီး ပါဝင်ပစ္စည်းအနေဖြင့် (သကြား၊ဂျုံ၊ ဘဲဥ၊ ဆီ၊ ရေသန့်) ဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးအရေအတွက် (၃၅၀) ဘူးခန့် ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုအခြေအနေပေါ်မူတည်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပြီး မုန့်တစ်ဘူးလျှင် သုံးထောင့် မုန့် (၆) ခုပါရှိပြီး တစ်ဘူးလျှင် လက်လီ(၃၈၀၀) ကျပ် ၊ လက်ကား(၃၆၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ လုပ်သား ဝန်ထမ်း (၉) ဦးရှိပြီး တစ်လလျှင် လုပ်ခလစာ (၁၅၀၀၀၀ - ၂၀၀၀၀၀) ဝန်းကျင်ခန့်ပေးချေရပါသည်။ ဈေးကွက်အရ ဒေသတွင်းနှင့် ရန်ကုန်မြို့များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
ထို့နောက် ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် မြန်မာဘာသာဖြင့် ရေးသားဖော်ပြ ထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကိုလည်း ကုန်စည်ထုပ်ပိုးမှုအပေါ်တွင် ထည့်သွင်းဖော်ပြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)