မြင်းခြံမြို့ပေါ်ရှိ စွန့်ပစ်ပစ္စည်းဈေးနှုန်းဈေးကွက်

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်း Recycle ပစ္စည်းများအား ဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချနေသော ပစ္စည်းဟောင်းဝယ်ယူသည့်ဆိုင်များစွာရှိပါသည်။ ဆိုင်များမှ ဝယ်ယူရရှိသည့် Recycle ပစ္စည်းများကို မန္တလေးမြို့သို့တစ်ဆင့် ပြန်လည်တင်ပို့ရောင်းချကြောင်း နှင့် ဈေးနှုန်းများအနေဖြင့် ဒန်တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ကြေးနီ တစ်ပိဿာလျှင်(၅၀၀၀၀)ကျပ်၊ ကြေးဝါတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ကော်ခြောက်ပစ္စည်းများတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ရေသန့်ဗူးခွံတစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ သံ(အပါး)တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ သံ(အထူ) တစ်ပိ ဿာလျှင်(၂၀၀၀)ကျပ်၊ ဂျပ်ဖာတစ်ပိဿာလျှင်(၁၅၀၀)ကျပ် အထိအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဝယ်ယူရရှိသည့်ပစ္စည်းများအား မန္တလေးမြို့ရှိ Recycle ပစ္စည်းများပြန်လည်ပြုပြင် ထုတ်လုပ်သည့်စက်ရုံ၊ အလုပ်ရုံများသို့ တစ်ဆင့်တင်ပို့ရောင်းချရာတွင်လည်း ဈေးကောင်းရရှိလျက် ရှိပါသည်။ 

DOCA( မန္တလေး)