
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သမဝါယမဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၉) ရက်နေ့၊ နံနက်(၇း၀၀)အချိန်တွင် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက်ရှိ ပြည်သူများအား သက်သာစွာဝယ်ယူနိုင်ရေး အခြေခံစားကုန်များရောင်းချခဲ့ကြောင်း သိရှိရပါ သည်။ အခြေခံစားသောက်ကုန်များရောင်းချရာတွင် ဆန်၊ စားသုံးဆီ၊ ကြက်ဥ၊ ချဥ်ပေါင်ရွက်၊ အိုင်အိုဒင်းဆား၊ မန်ကျည်းသီး၊ ကြက်သွန်နီများပါဝင်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)