
ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် မိသားစုဝင်ငွေတိုးစီမံကိန်းဖြင့် ဖော်ဆောင်သည့် စက်ချူပ်သင်တန်း တွင် သင်တန်းသူများအား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)မှ စားသုံးသူရေးဦးစီးဌာန၏ သမိုင်းကြောင်းပေါ်ပေါက်လာပုံ၊ ဌာန၏ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက်(Mission)၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။
DOCA(တနင်္သာရီ)