
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၇-၆-၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေသော ဆိုင်များသို့သွား ရောက်၍ ကွင်းဆင်း စစ်ဆေးရာ စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ရည်ညွှန်းလက်ကားဈေးနှုန်းနှင့် ရောင်းချမည် ဆီပိဿာတို့ကို ဗီနိုင်ဖြင့် မြင်သာသောနေရာတွင် ချိတ်ဆွဲရောင်းချမှုကို စစ်ဆေးခြင်း၊ ဆီရောင်းချ စာရင်းများကို ကြည်ရှုစစ်ဆေးခြင်း ဈေးနှုန်း အဆမတန်မြှင့်တင် ရောင်းချခြင်းများ မရှိစေရေးတို့ကို အပတ်စဉ် ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်သူများ သတ်မှတ်ရက်အတွင်း ဝယ်ယူရရှိစေရေးတို့ကို ပူးပေါင်းဆောင်ရွက်နိုင်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)