သက်သာသောဈေးနှုန်းဖြင့် ဆန်၊ဆီ၊ ကြက်ဥ ရောင်းချမှု

Powered by Drupal

   (၁၇.၆.၂၀၂၅)ရက်‌နေ့မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့၏ ဦးဆောင်မှာဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မွေးကုဌာနနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်း၍ ဓနုဖြူမြို့ အမှတ်(၂)ရပ်ကွက်၊ဦးအောင်ဇေယျဓမ္မာရုံတွင် အခြေခံစားသောက်ကုန်များအားသက်သာသောနှုန်းထားဖြင့်ပြည်သူများအားရောင်းချပေးခဲ့ကြောင်း သိရသည်။

    ရောင်းချရာတွင် ဓနုဖြူမြို့နယ်မှ ရပ်ကွက်နေပြည်သူ (၄၅၈)ဦးအား ဆန် ၁၅အိတ်၊ ဆီ ပိဿာ ၁၁၀၊ ကြက်ဥ အလုံး ၅၀၀၀ တို့ကို သက်သာသောဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)