
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော စားသုံးဆီများအား လစဉ်ကွင်းဆင်းစစ်ဆေးမှုများကို စတိုးများ၊ shopping mall များ၊ Mart နှင့် ရပ်ကွက်ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။
သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများနှင့် ပတ်သက်၍ (၁၂-၆-၂၀၂၅) ရက်နေ့တွင် စိန်လမင်း၊ Good Choice၊ အာရှသားမြေပဲဆီ၊ အမေထွားမြေပဲဆီ၊ ပွင့်ဖြူနှင့် မေဇင် မြေပဲဆီသန့်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးရေးရာဦးစီးဌာနမှ ကျင့်သုံးဆောင်ရွက်လျက် ရှိသော တည်ဆဲဥပဒေညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိပါ သည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စိန်လမင်း၊ Good Choice၊ အာရှသားမြေပဲဆီ၊ အမေထွားမြေပဲဆီ၊ ပွင့်ဖြူနှင့် မေဇင်မြေပဲဆီသန့်တို့ တွင် သက်ဆိုင်ရာဌာနထောက်ခံချက်များ ပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်များတွင်လည်း လစဉ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနထောက်ခံချက် များပါရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး မပါရှိပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူကာကွယ်ရေးဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။
DOCA(မန္တလေး)