
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီလွင်အေးသည် (၁၈.၆.၂၀၂၅) ရက်နေ့တွင် မုဒုံမြို့နယ်တာဝန်ခံရုံး၌ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေသည့် လုပ်ငန်းရှင်အား ခေါ်ယူ၍ စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပါဝင်ရမည့်အချက်များ၊ Online Shopping ရောင်းချခြင်း၊ ဝယ်ယူခြင်းနှင့် ပတ်သက်၍ သုံးစွဲသူပြည်သူများ ငွေကြေးလိမ်လည်ခံရသည့် ဖြစ်စဉ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အချက်များ၊ အွန်လိုင်း ရောင်းချခြင်းအတွက် အွန်လိုင်းမှတ်ပုံတင်လိုင်စင်ပြုလုပ်ရန်နှင့် လိုင်စင်ပြုလုပ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)