လက်ပံတန်းမြို့မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ ဦးဆောင်မှု ဖြင့်၁၆.၆.၂၀၂၅ ရက်နေ့နံနက်(၁၀:၃၀)နာရီအချိန်တွင်မြို့မဈေးအပြင်တန်းရှိ  အချိုရည်မျိုးးစုံနှင့် မုန့်မျိုးးစုံ ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ ခရိုင်ဦးစီးမှူးဦးသန်းစိုး၊စားသုံးသူရေးရာဌာနခွဲတာဝန်ခံဒေါ်ခိုင်ခိုင်ရီ ၊ အကြီးတန်းစာရေး ဒေါ်အိမွန်မွန်ဖြိုး၊ မြို့နယ် တာဝန်ခံဦးချစ်ကိုကိုတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံး သူများ   တိကျမှန်ကန်ရှင်းလင်းသောသတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်၊  စိတ်ကျေနပ်မှုရှိစေရန် အတွက်အာမခံ ချက် ပေး နိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအား သိရှိ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက် များ နှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ပဲခူး)