အဝင်များသည့်ပန်းကုံးစျေးကွက်

Powered by Drupal

          မန္တလေးမြို့၊မြင်းတန်းစျေးတွင် မိုးရာသီအချိန်ဖြစ်၍စျေးကွက်အတွင်း ပန်းကုံးဝင်ရောက် မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ စျေးကွက်အတွင်းသို့မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)တို့မှ ထွက်ရှိသည့်ပန်းများနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စိုက်ပျိုးသည့်ပန်းများ ဝင်ရောက်မှုများပြားကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ် ဇွန်လတတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းကုံးလက်လီပေါက်စျေးနှုန်းများမှာ  စပါယ်ပန်းအပွင့် ၂၅ ကုံးပါတစ်တွဲလျင် ၁၀၀ဝိ/-နှင့် ၁၅၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၁၅၀ဝိ/-နှင့် ၁၈၀ဝိ/-၊ စကားဝါ ပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊သနပ်ခါးပန်း၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ကံ့ကော်ပန်း ၁၀ ကုံးပါ တစ်တွဲလျင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-၊ခရေပန်း ၁၀ ကုံးပါတစ်တစ်လျင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိပြီး၊ ပန်းလတ် ဆပ်မှုအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)