မုံရွာမြို့ပေါ်တွင် ရောင်းချလျက်ရှိ‌သော မာလကာသီးဈေးနှုန်း/ဈေးကွက်

Powered by Drupal

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာခရိုင်အတွင်း မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း သီးနှံများကို စိုက်ပျိုး၍ အနယ်နယ် အရပ်ရပ် သို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ ၂၀၂၅ခုနှစ် ဇွန်လ တတိယပတ်အတွင်း မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်းများအနေဖြင့် မာလကာသီး (၁ ) ပိဿာ လျှင်(၅၀၀၀) ကျပ်၊ တစ်လုံးလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူ ထံမှ သိရှိရပါသည်။ ဒေသထွက် မာလကာသီးများသည် အရည်ရွန်း၍ အနံ့မွှေးသောကြောင့် လူကြိုက်များ‌ကာ အ‌ရောင်းသွက်လျက်ရှိကြောင်း သိရသည်။