
မန္တလေးတိုင်းဒေသကြီးအတွင်း အများအပြားစိုက်ပျိုးသည့် ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့ မြေပဲနှင့်နှမ်းမှာ ပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များဖြစ်ပါတယ်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့် မြေပဲဖတ်၊နှမ်းဖတ်နှင့်နေကြာ ဖတ်များကိုတိရိစ္ဆာန် အစာအဖြစ်အသုံးပြု လျက်ရှိပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဇွန်လ တတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာ ပေါက်စျေးများ မှာ မြေပဲဆီ ၁၇၅၀ဝိ/-နှင့် ၁၈၀၀ဝိ/-၊နှမ်းဆီ ၁၄၀၀ဝိ/-နှင့် ၁၄၅၀ဝိ/-စျေးနှင့် ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၄၈၀ဝိ/- နှင့် ၄၈၅ဝိ/-၊နှမ်းဖတ် ၄၀၀ဝိ/-နှင့် ၄၀၅ဝိ/-၊ နေကြာဖတ် ၂၃၀ဝိ/-နှင့်၂၄၀ဝိ/-၊ မုန်ညင်းဖတ် ၂၇၀ဝိ/-နှင့် ၂၇၅ဝိ/-၊ ပန်နှမ်းဖတ် ၂၆၀ဝိ/- ဖြစ်ပေါ်လျက်ရှိပြီး၊ ကြိတ်ဖတ်ထွက်ရှိမှု အပေါ်မူတည်၍ ယခင်ဒုတိယပတ် စျေးထက် အနည်းငယ်မြင့် တက်သွားကြောင်း သိရပါတယ်။
DOCA(မန္တလေး)