
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်းတွင်းကြီးမြို့နယ် တာဝန်ခံသည် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူကို အလေးထား၍ စီးပွားရေးဝန်းကျင်ကောင်းများ၊ ဖန်တီးလာနိုင်စေရန်ရည်ရွယ်၍ (၁၇.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့ပေါ်ရှိ “မြင့်မြင့်” စာခွေကြော် ပဲကြော်လုပ်ငန်းအား သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် အာမခံချက်ပေးခြင်းအကြောင်းကိုလည်းကောင်း၊ စီမံ ခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း အသိပညာပေးခဲ့ပြီး လုပ်ငန်းရှင်များမှလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြလျှောက်ထားနိုင်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုမရှိသည့် ကုန်စည်များကို တွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်သွားစေလိုကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(မကွေး)