ပြွန်တန်ဆာမြို့မဈေးအတွင်း ခွဲတမ်းရရှိသောစားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး နှင့် ဗီနိုင်းချိတ်ဆွဲရောင်းချရန် ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိရာ ၁၃.၆.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ပြွန်တန်ဆာမြို့မဈေးအတွင်းတန်း၊ အပြင်တန်းများတွင် ခွဲတမ်းရရှိသော စားသုံးဆီများကို ရောင်းချလျက်ရှိသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

   ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်း တို့သည် ပြွန် တန်ဆာမြို့မဈေးအတွင်းတန်းနှင့် အပြင်တန်းများ၌ ခွဲတမ်းရရှိသော စားသုံးဆီများကို ရောင်းချ လျက်ရှိသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ခရိုင်ဦးစီးမှူးက ခွဲတမ်းရရှိသော စားသုံးဆီ များအား ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်းမပြုရန်၊ စားသုံးသူ ပြည်သူများအား ပွင့်လင်းမြင်သာမှုရှိစွာ ဗီနိုင်းချိတ်ဆွဲရောင်းချရန်၊ အမြတ် (၂)ရာခိုင်နှုန်းထက် ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ ရောင်းချမှု လက်ခံသည့် ဘောက်ချာများထားရှိရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)